သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲများ စတင်ပေး

ဇီးကုန်း အောက်တိုဘာ ၂၉

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အတွင်းရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲ မပေးနိုင်သူများ ကြိုတင် ဆန္ဒမဲပေးခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ ကြိုတင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ လာရောက်မဲပေးလျက်ရှိသည်။

ထိုသို့ ကြိုတင်ဆန္ဒမဲပေးရာတွင် အောက်တိုဘာ (၂၉)ရက်နေ့မှ စတင်၍ အသက် (၆၀)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်နေသူများ၊ လုံခြုံရေးတာဝန်ယူ ဆောင်ရွက်နေသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းမျာနှင့်အညီ လွတ်လပ်စွာဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်းနှင့် ဇီးကုန်းမြို့နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး  လူစုလူဝေးဖြစ်ပေါ်ခြင်းမှ ရှောင်ကျဉ်နိုင်ရန် သက်ဆိုင်ရာရ ပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ များက မဲရုံအလိုက်၊ လမ်းအလိုက်၊ ရွာခွဲများအလိုက် ရက်များသတ်မှတ်၍ မဲပေးနိုင်ရန်စီမံထားရှိကြောင်းနှင့် ဇီးကုန်းမြို့နယ်တွင် အသက် (၆၀)နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသူ (၁၁၃၀၀)ဦးခန့် ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)