ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ

မော်လိုက် ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ လစဉ်ပြုလုပ်သော ခရိုင်အဂတိလိုက်စားမှုတား ဆီးကာကွယ်ရေးအဖွဲ့၏ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့ညနေ (၁) နာရီအချိန်က ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဆွေးနွေးဟောပြောပွဲတွင် ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အဖွဲ့ဝင်ခရိုင်လဝကဦးစီးမှူး ဦးဝင်းကိုစိုးက အဂတိလိုက်စားမှု၏ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးပြောကြပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အထူးစုံစမ်းစစ်ဆေးရေးမှူးက အဂတိလိုက်စားမှုကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် တက်ရောက်လာသူ များကလည်းအပြန်အလှန်ဆွေးနွေးကြကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)