မြန်အောင်မြို့နယ် အ.ထ.က သပြေကုန်း၌ လူငယ်များဗလငါးတန် ပြည့်စုံပြီး အသိပညာဗဟု သုတတိုးပွားစေရန် လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာဟောပြောပွဲကျင်းပ

မြန်အောင် ဇန်နဝါရီ ၂၆

ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန် ပြည့်စုံပြီး အသိပညာဗဟု သုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေပြီး စကားဝိုင်းဆွေးနွေးပွဲများမှ အသိပညာဗဟုသုတများနှင့်အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီး၍ ပူးပေါင်း ဆောင် ရွက်တတ်စေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်က မြန်အောင်မြို့နယ် အ.ထ.က သပြေကုန်း သပြေခန်းမ၌ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာဟောပြောပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးမြင်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။

ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်း၊ အ.ထ.က သပြေကုန်း ဆရာဦးစိုးငြိမ်းအောင်တို့ ဦးဆောင်၍ Grade (11) မှ မသက်ဖူးဝေက လူငယ်နှင့်အင်တာနက် ၊ Grade (10) မှ မောင်ကောင်းဝေယံထွဋ်က လူငယ်နှင့်မူးယစ်ဆေးဝါး ၊ Grade (11) မှ မငြိမ်းငြိမ်းစန်းက လူငယ်နှင့်စာဖတ်ခြင်း၊ Grade (11) မှ မောင်ချစ်ထူးပိုင်က လူငယ်နှင့်အားကစား ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်ကြသည့် ကျောင်းသား/သူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြပြီး ဦးဆောင်ဆွေးနွေးကြသည့် ကျောင်းသား/သူများကို ဆုလက်ဆောင်များပေးအပ်ခဲ့ကြပြီး မှတ်တမ်းဓါတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြသည်။

ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုဆက် လက်ကျင်းပပြုလုပ်ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးဝါက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောပြီး မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်က အန္တရာယ်ကင်းသောအစားအစာများ ရွေးချယ်စားသုံးတတ်စေရန်အသိပညာပေးဟောပြောခဲ့ကြသည်။

  အခမ်းအနားတွင် အ.ထ.က သပြေကုန်းမှ ဆရာဦးစိုးငြိမ်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ဆက်လက်၍ အ.ထ.က သပြေကုန်း၌ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေးနံရံကပ် စာစောင်ဓါတ်ပုံပြခန်းပြသထားရှိရာ ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။

 အ.ထ.က သပြေကုန်း  သပြေခန်းမ၌ကျင်းပသော  လူငယ်စကားဝိုင်း ဆွေးနွေးပွဲနှင့်လူငယ်ရေးရာဟောပြောပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးမြင်နိုင်၊ သပြေကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကျော်မင်းထက်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်မိုးဝါ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဦးမြင့်အောင်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းနှင့်ဝန်ထမ်းများ၊ အ.ထ.က သပြေကုန်းမှ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း ၅၀၀ ဦးကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)