နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲကျင်းပ

ထန်ပါခွေ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့အခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီလ (၂၆) ရက်၊ နံနက် (၉)နာရီအချိန်က ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲကျင်းပသည်။

ရှေးဦးစွာ ထန်ပါခွေမြို့၊ တပ်စခန်းမှူးဗိုလ်ကြီး စောမင်းထွန်းက အဖွင့်အမှာစကားပြောကြာပြီး ထန်ပါခွေမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်မိုးမင်းက အမိနိုင်ငံတော်က အားကိုးရသော ဘက်စုံထူးချွန်သည့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလေးများပေါ်ထွက်လာစေရန်ရည်ရွယ်ကာ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် သူငယ်တန်းမှ ဧကာဒဿမတန်းအထိ ဘက်စုံထူးချွန်ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်သူလေးများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခွင့်ရက်မပျက် ဆုရရှိသော ဆရာ၊ ‌ဆရာမများနှင့် ကျောင်းကောင်စီအသင်းအလိုက် အား ကစားပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆုများအား ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်‌ပေးကာ သူငယ်တန်းမှ ဧကာဒသမတန်းအထိ ကျောင်းသား၊ ကျောင်းသူလေးများက အနုပညာ၊ ရသပညာရပ်များဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

အလန် (ပြန်/ဆက်)