မြောင်းမြ ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.မ.က (ကန်ကြီးတန်း)ကျောင်း၌ ကျောင်းသားလူငယ်များ ပြည်ထောင်စု စိတ်ဓါတ် အစဥ်ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ခင်ဝေဝေမြင့်ကအဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် “ ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဟောပြောခဲ့သောအကြောင်းအရာများကို ပြန်လည်ပြောပြနိုင်သော ကျောင်းသား/သူများအား ဆုလက်ဆောင်များပေးခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးဒေါ်နီနီအောင်မှ နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြသထားသောနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေဝေ (မြောင်းမြ)