ကလေး ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အခြေခံပညာဦးစီးဌာန၊ ကလေးခရိုင်နှင့်မြို့နယ်ပညာရေး မိသားစုများမှ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ နံပေါ်နန်းဦးစေတီတော်မြတ် ရင်ပြင်တော်တွင် ယနေ့နံနက်ပိုင်းက ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်နှင့်မြို့နယ်အဆင့်ပညာရေးမိသားစုများမှ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ နံပေါ်နန်းဦးစေတီတော်မြတ် ရင်ပြင်တော်တွင် သံဃာတော်ရှင်သူမြတ်များက ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင် လှူပူဇော်ခဲ့ကြပြီး ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကျင်းပခဲ့ကြသည်။ ထို့နောက် ရွှေရတုကျောင်းဆောင်ခန်းမ တွင် သံဃာတော်အရှင်သူမြတ်တို့ထံ ဆွမ်းဘောဇဉ်နှင့်လှူဖွယ်ဝတ္ထုများဆက်ကပ်ပူဇော်ကြပြီး မဟာသန္တာရုံ ကျောင်းတိုက် ဆရာတော်အရှင်သူမြတ်ထံမှ ရေစက်ချတရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) မှ ဒေသကွပ်ကဲရေးမှူး၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ပညာရေးမိသားစုများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသူများ လာရောက်လာင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)