ဒေးဒရဲမြို့နယ် သံဒိဇီးဖြူကုန်းကျေးရွာလမ်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ ဇန်နဝါရီ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သံဒိဇီးဖြူကုန်းကျေးရွာအုပ်စု၊ အကယ်ချောင်းဝရွာဖျားလမ်း ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်မြေသားလမ်းကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ်၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေသိန်း (၂၀၀) ကျပ်ဖြင့် ကွန်ကရစ်လမ်း အရှည်(၁၁၂၇)ပေ၊ အလျား (၆) ပေ၊ ထု (၆)လက်မရှိ ကျေးရွာလမ်း ခင်းကျင်းပြီးစီးမှုအား မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာန မြို့နယ်အင်ဂျင်နီယာ ဦးစိုးမင်းနှင့်တာဝန်ရှိသူများက သတ်မှတ်အရည်အသွေးနှင့် အတိုင်းအတာပြည့်မီရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း