လပွတ္တာ ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကျောက်မှော် အခြေခံပညာမူလတန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို ကျောက်မှော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းထွန်းနှင့်ကျောင်းအုပ်ရာမကြီးဒေါ် မြင့်မြင့်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးကျောင်းသား၊ ကျောင်းသူလေးများမှ ပညာရေးစုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့သည်။ ဆက်လက်၍ လပွတ္တာခရိုင်ပညာရေးမှူးဦးဦးသန်းမောင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ဆုချီး မြှင့်ခြင်းအစီအစဉ် ကိုစတင်ရာရှေးဦးစွာဆရာ၊ ဆရာမများအား ထူးချွန်ပညာသင်ဆုများချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ A အဆင့်ရကျောင်းသား၊ ကျောင်းသူများကာယ၊ ညာဏဆုရကျောင်းသား၊ ကျောင်းသူများအားဆုများကို ချီးမြှင့်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်ပညာရေးမှူးဦးဦးသန်းမောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာဆရာမများ၊ ကျောင်းသား၊ သူများ၊ ကျောင်းကော်မတီများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)