ဘိုကလေး ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပသော (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲအား ဇန်နဝါရီ (၂၂) ရက်နေ့တွင် မြို့နယ်အောက်ပိုင်းဘောလုံး အားကစားကွင်း၌ စတင်ဖွင့်လှစ်ကျင်းပဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် အုပ်စုပတ်လည်ပွဲစဉ်များအား ဆက်လက်ယှဉ်ပြိုင်လျက်ရှိသည်။
အဆိုပါ ဘောလုံးယှဉ်ပြိုင်ပွဲသို့ (က) အုပ်စုအဖြစ် ကြိမ်ချောင်းကြီးအသင်း၊ မြင်းကကုန်းအသင်း၊ ပိုက်စလအသင်း၊ ရွာသစ်အသင်း၊ မြိုမ (ခ) အသင်း၊ (ခ) အုပ်စုအဖြစ် ဘုရားချောင်းအသင်း၊ ဖိုးဒီကွဲအသင်း၊ ဒေါင့်ကြီးအသင်း၊ မြို့မ (က) အသင်း စုစုပေါင်း (၉) သင်းတို့ပါဝင် ယှဉ်ပြိုင်ကစားကြပြီး အုပ်စုပတ်လည်ပွဲများအား နေ့စဉ် ညနေ(၃)နာရီ၌ ဇန်နဝါရီ (၂၂) ရက်နေ့မှစတင်ကာ ဖေဖော်ဝါရီ (၆) ရက်နေ့ အထိလည်းကောင်း၊ ဖေဖော်ဝါရီ (၈) ရက်နေ့မှ (၉) ရက်နေ့ထိ (၂) ရက်တာတွင် ဆီမီးဖိုင်နယ်ပွဲစဉ်များ၊ ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် တတိယလုပွဲနှင့် ဖေဖော်ဝါရီ (၁၂)ရက် ပြည်ထောင်စုနေ့တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲများ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ယှဉ်ပြိုင်ကျင်းပလျက်ရှိသော ဘောလုံးပွဲစဉ်များအား မြို့နယ်စိမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင် ပရိတ်သတ်များ တခဲနက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)