ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်များအား ကြိုတင်ဆန္ဒမဲများပေးခြင်း စတင်ဆောင်ရွက်

ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၂၉

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် နိုင်ငံတစ်ဝန်း ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး  ယနေ့တွင် အသက်(၆၀)နှစ် အ ထက်မဲဆန္ဒရှင်များအား ကြိုတင်ဆန္ဒမဲများပေးခြင်းကို ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မဲရုံများ တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြိုတင်ဆန္ဒများပေးခြင်းကို သတ်မှတ်ထားသည့် ရက်များအလိုက် Quarantine Center များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အသက်(၆၀)နှစ် အထက်မဲဆန္ဒရှင်များ   မြို့နယ်/  ရပ်ကွက်/  ကျေးရွာ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ မဲရုံမှူး ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ မဲရုံအတွင်း စည်း အပြင် စည်းလုံခြုံရေးတာဝန်ယူထားသူများ မဲဆန္ဒနယ်ကျော်လွန်၍ခရီးသွားမည့်သူများ အကြောင်း အမျိုးမျိုးကြောင့် မဲဆန္ဒနယ်ပြင်ပသို့ ရောက်နေ ကြသော မဲဆန္ဒရှင်များ ရောဂါဝေဒနာပြင်းထန်စွာခံစားနေရသူများ ဆေးရုံတက်နေရသူများအား နံနက်(၈)နာရီမှ ညနေ(၆)နာရီအထိ သတ်မှတ်ရက်များတွင် ကြိုတင် ဆန္ဒမဲများကို မိမိကြိုက်နှစ်သက်ရာပါတီ ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာဖြင့် ကြိုတင်ဆန္ဒမဲများကို နိုဝင်ဘာလ(၇)ရက်နေ့ ညနေ(၆)နာရီအချိန်ထိ ဆန္ဒပြုပေးနိုင်ပြီးဖြစ်ကြောင်း သိရသည်။

မျိုးမင်းဦး( ပြန်/ဆက်)