ကျိုက်လတ်မြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကျိုက်လတ် ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့ အားကစားကွင်း၌ ယနေ့‌မွန်းလွဲ (၃)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်း‌အောင်က တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစား အဆင့်အတန်း မြင့်မားရေး၊ ထူးချွန် ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား အလွတ်တန်းဘောလုံးပွဲ ကျင်းပရခြင်း အကြောင်းများ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ နည်းပြ(နည်းစနစ်မှူး) ဦးကျော်နိုင် ဦးဆောင်၍ အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပထမပွဲစဥ်ကစားမည့် ဘောလုံးအားကစားကွင်းအတွင်းသို့ ဘောလုံးကန်သွင်း၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပြီး၊ အဆိုပါပြိုင်ပွဲတွင် အုပ်စု(၂)ခုခွဲ၍ အသင်း (၁၀)သင်း ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ဖွင့်ပွဲပထမနေ့ပွဲစဉ်အဖြစ် အုပ်စု(က) မြို့မ(၁)အသင်းနှင့် မြို့မ(၄)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)