ဆိပ်ဖြူ ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizar) များကို နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizar) များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်စီမံဆောင်ရွက်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာခင်မောင်ကြည်ဦးစီး၍ ကျန်းမာရေးဝန်ထမ်းမျာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizar) များ ထပ်ဆောင်းထိုးနှံပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizar) များ ထပ်ဆောင်းထိုးနှံပေးလုပ်ငန်းအတွက် ယခုဆေးလုံးအရေအတွက် (၆၄) လုံးရရှိပြီး ဆေးလုံးတစ်လုံးလျှင် လူဦးရေ (၇) ထိုးနှံရမှာဖြစ်ပြီး ခန့်မှန်းလူဦးရေ (၄၄၈) ဦး ထိုးနှံပေးရန်လျာထားဆောင်ရွက်လျက်ရှိရာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီး သူ (၂၃၁) ဦးထိုးနှံပေးပြီးဖြစ်ကြောင်း၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံသူများကို ကျန်းမာရေးစစ်ဆေးခြင်း၊ စာရင်းအချက်လက်ကောက်ယူခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးစီးသူများကို ကျန်းမာရေးအခြေအနများ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထုတ်ယူရရှိမှုအပေါ်မူတည်၍ ဒေသခံပြည်သူများကို ထပ်ဆောင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောကြားသိရှိရသည်။
ကိုဇွဲ(အညာမြေ)