ကျွန်းလှမြို့နယ်အတွင်း အသက်(၆၀)နှင့် အထက်ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူများ မဲစတင်ပေး

ကျွန်းလှ အောက်တိုဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ် အထက်ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူများ ယနေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် ရုံးခွဲများ၌ ကြိုတင်မဲများ ပေးနေပြီးဖြစ်ကြောင်း သိရသည်။

 “ကျွန်တော်တို့မြို့နယ်မှာ အသက်(၆၀)နှစ် အထက်ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၀၉၄၆)ဦးရှိပါတယ်။ အောက်တိုဘာ(၂၉)ရက်မှ နိုဝင်ဘာ(၅)ရက်နေ့ အထိရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များမှာကြိုတင်မဲပေးရန် ဆော်ဩထားပါတယ်။ လာရောက် မဲမပေးနိုင်တဲ့ အဘိုးအဘွားတွေ ကိုတော့ အိမ် တိုင်ရာ ရောက်မဲပေးနိုင်ရေး စီစဉ်ထားပါတယ်။ ရွေးကောက်ပွဲ‌အတွက် မဲရုံတွေကိုလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နဲ့ အညီ မဲပေးနိုင်ရေးဆောင်ရွက်ထားပြီး မဖြစ်မနေလာရောက် မဲပေးစေချင်ပါတယ်” ဟုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးငြိမ်းက ပြောကြားခဲ့သည်။

ကျွန်းလှမြို့နယ်တွင် ရပ်ကွက်လေးရပ်ကွက်၊ ကျေးရွာအုပ်စု(၃၄)အုပ်စု၊ ကျေးရွာပေါင်း(၁၁၄)ရွာ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၇၆၀၀၀)ကျော်အတွက် မဲရုံ(၉၁)ရုံပြင်ဆင်ထားကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

မျိုးဝင်းညို(ကျွန်းလှ)