မကွေးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (ကန်သာ) ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြော

မကွေး ဇန်နဝါရီ ၂၅

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ကျောင်းများပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးကင်းစင်နယ်မြေ ဖြစ်စေရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောခြင်းကို မကွေးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (ကန်သာ) ရှိ ချင်းတွင်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မြတ်ခိုင်က အမှာစကား ပြောကြားပြီး အမှတ်(၁၅) မူးယစ်တပ်ဖွဲ့စု(မကွေး) မှ တပ်ဖွဲ့စုမှူး ရဲမှူးဆန်းညွန့်အောင်က မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာနှင့် ဆိုးကျိုးအန္တရာယ်များအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲအပြီးတွင် ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(ကန်သာ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ ၊အမှတ်(၁၅) မူးယစ်တပ်ဖွဲ့စု (မကွေး) မှ တပ်ဖွဲ့စုမှူး ရဲမှူးဆန်းညွန့်အောင်နှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်း (၁၇၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

အောင်ကို(ပြန်/ဆက်)