ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများမှ စာရေးဝန်ထမ်း(၇၆)ဦးအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည် အကြို ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

လေးမျက်နှာ အောက်တိုဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာအုပ်စုများမှ စာရေး ဝန်ထမ်း(၇၆)ဦးအတွက် ၂၀၂၀ပြည့်နှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်(အကြို) ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက ရပ်ကွက်/ကျေးရွာအုပ်စု (၄၈)စုမှစာရေး ဝန်ထမ်းများ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆောင်ရွက်ရသည့် လုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြ ရန်ပြောကြားပြီး ယခုထောက်ပံ့ရေးပစ္စည်းများကို ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ နှစ်ပတ်လည် (အကြို) နေ့အဖြစ် ဝန်ထမ်းများအား သတင်းကျွတ်အခါမှီ အခြေခံစားကုန်(၄)မျိုးနှင့် အမှတ်တရ ထွက်စု အင်္ကျီ များ(Tracksuit) ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေဝဏ္ဏသူတို့ က လေးမျက်နှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ ကျေး စာရေးဝန်ထမ်း(၇၆)ဦးအား ထောက်ပံ့ရေးပစ္စည်းများကို ဝန်ထမ်းများ ၏ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)