စေတုတ္တရာ ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Pfizer ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ဆေးရုံး ရုံးဝန်းခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ဆက်လက်ထိုးနှံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ Pfizer ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံလာသူပြည်သူများအား ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများကို အသက်(၆၅)နှစ်အထက်၊ အသက်(၅၀)နှစ်အထက် နာတာရှည်ရောဂါရှိသူ၊ အသက်(၁၈)နှစ်အထက် နာတာရှည်ရောဂါရှိသူတို့ကို ထိုးနှံပေးကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမရှိစေရေးအတွက် စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကိုကိုဇင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုဆရာမများ၊ တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)