အုတ်တွင်း ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် နတ်စဉ်ကုန်းကျေးရွာအုပ်စု ကွမ်းသီးခြံကျေးရွာ တောင်သူဦးကျော်လှိုင်၏ကွင်းအမှတ်(၃၃၅)အတွင်းရှိ စနစ်ကျလယ်ယာမြေ(၄)ဧကတွင် လက်ဆွဲကောက်စိုက်စက်နှင့် စိုက်ပျိုးခြင်းသရုပ်ပြသနေမှုကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ လက်ဆွဲကောက်စိုက်စက်နှင့် သရုပ်ပြစိုက်ပျိုးရာသို့ ခရိုင်စက်မှုလယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြတ်မင်းထွေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးကြီးကြပ်မှုအဖွဲ့နှင့် ဒေသခံတောင်သူတို့သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက စနစ်ကျလယ်ယာမြေတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး စပါးကိုဆားရေစိမ်၍စိုက်ပျိုးခြင်းနည်းပညာနှင့် လက်ဆွဲကောက်စိုက်စက် အသုံးပြုစိုက်ပျိုးနေမှုကို သရုပ်ပြသခဲ့သည်။
ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးက စနစ်ကျစိုက်ပျိုးခြင်းနည်းပညာနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)