မော်လိုက် ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အစည်းအဝေးတွင် ခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်ကြသူများကလည်း ခရီးသွားလာရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန် အကြံပေးတင်ပြခဲ့ကြသည်။ ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရိုက်ကူးတည်းဖြတ်ထားသော ခရီးသွားများ စိတ်ဝင်စားဖွယ် မြို့အထင်ကရနေရာများနှင့် သမိုင်းဝင်အဆောက်အဦးများအကြောင်း မှတ်တမ်း (Video clip)ကို တက်ရောက်လာသူများက ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)