ပန်းတနော်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန် အသိပညာပေး နံရံကပ်စာစောင်ပြသ

ပန်းတနော် ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် တိုက်ဖျက်ရေး အသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်ပိုင်းက အ.ထ.က (ရွှေလှေ) ကျောင်း၌ နယ်လှည့်ကွင်းဆင်းပြသခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်များတွင် တန်းဖိုးရှိလှ လူငယ်ဘဝ မူးယစ်ကင်းစင် ကျန်းမာမှ၊ မူးယစ်ဆေးဝါး သုံးစွဲမိသော အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအလွဲသုံးမှု ကြိုတင် ကာကွယ်ရေး မဟာဗျူဟာများနှင့် လူကုန်ကူးမှုပေါ်ပေါက်လာပုံ၊ လူကုန်ကူးခံရခြင်းကြောင့် ရရှိသော ဆိုးကျိုးများ၊ လူကုန်ကူးသူများအသုံးပြုသော နည်းသစ်များ၊ လူကုန်ကူးခံရသူများ ထွက်ပြေးလွတ်မြောက်မှုမရှိသည့် အကြောင်းအရင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှုပုံစံများ စသည့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် သုတ၊ ရသ စာအုပ် စာစောင်များကို နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစား လာရောက်ငှားရမ်းဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)