ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အိမ်သုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ပန်းတနော် ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူငယ်လူရွယ်များ လက်မှုအတက်ပညာများ တက်မြောက်စေရန်နှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် တက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အိမ်သုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က တက်ရောက်လာကြသည့် သင်တန်းသားများအနေဖြင့် အိမ်တွင်းလက်မှုအတက်ပညာမှ တစ်နိုင် တစ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်တတ်စေရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အဆိုပါ အိမ်သုံးဆပ်ပြာဆီပြုလုပ်ရာတွင် ဂျယ်၊ ဆား၊ အချောင်၊ ဝါရှင်၊ အနံ့၊ အရောင် စသည့်ပစ္စည်းများ ထည့်ဝင် အသုံးပြုရကြောင်း သိရသည်။

အဆိုပါ အိမ်သုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို တစ်ရက်တာ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား(၁၅) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)