ငပုတောမြို့နယ် အခြေခံပညာမူလတန်း‌ကျောင်း‌၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု‌ပေးပွဲအခမ်းအနား ကျင်းပ

ငပုတော ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ဥယျာဉ်ကုန်းရွာ အခြေခံပညာမူလတန်းကျောင်း (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အ‌ဆိုပါကျောင်းခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ အခြေခံပညာမူလတန်း‌ကျောင်းမှကျောင်းသား/သူများက “စုံညီပွဲတော်တို့နွှဲပျော်” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာဦးနိုင်လင်းကအသိပညာ၊ အတတ်ပညာများဖြင့်ပြည့်စုံပြီး ဘက်စုံထူးချွန်သောကျောင်းသား လူငယ်များစွာပေါ်ထွက်လာစေရေးအတွက် မိဘများက အဘက်ဘက်က ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်သလို ကျောင်းသား/သူများအနေဖြင့်လည်း ပိုမိုကြိုးစားပေးကြဖို့ ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမာကျော်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ နိုင်ငံတော်အဆင့် လူရည်ချွန်ဆုရရှိသူအား ထူးချွန်ဆုရရှိကြသူများအား တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးအပ်ကြသည်။ ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ဆက်လက်ဖော်ဖြေနေပြီး” မြန်မာ့ကျောင်းသီချင်း” သီဆိုကာ အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)