မြိတ်မြို့ အ.ထ.က(၇)တွင် ကျားမအခြေပြု အကြမ်းဖက်မှု အသိပညာပေးဟောပြောပွဲ ကျင်းပ

မြိတ်   ဇန်နဝါရီ   ၂၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျားမအခြေပြု အကြမ်းဖက်မှု အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြိတ်မြို့ မြိတ်တောင်ရပ်ကွက်ရှိ အ.ထ.က (၇) တွင် ကျောင်းသား/သူများအား မြိတ်ခရိုင်အမျိုးသမီးကော်မတီမှ ဟောပြောခဲ့ကြသည်။

ဟောပြောပွဲတွင် မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက ကျားမအခြေပြု အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခံရမှု၊ ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ အကြမ်းဖက်မှု အကြောင်းအရာများကို ပြောကြားသည်။

ထို့နောက် မြိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်စောသီတာခင်က ခရိုင်အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အမျိုးသမီးများအကြမ်းဖက်မှု တားဆီးကာကွယ် ရေးအကြောင်း ပြောကြားပြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်(မြိတ်)မှ ဒုရဲမှူး ဝေလွင်က လူမှောင်ခိုအကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ လုပ်အားခေါင်းပုံ ဖြတ်ခံရမှု၊ လူကုန်ကူးမှု ဥပဒေများအကြောင်းကို ပြောကြား သည်။

ဆက်လက်၍ မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ ပြည်ထောင်စု စိတ်ဓာတ်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ် လာပုံအကြောင်းကို ပြောကြား၍ ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက အသိပညာဗဟုသုတများကို လေ့လာမှတ်သားနာယူကြပြီး ထူးချွန်သည့် ကျောင်းသား/သူများဖြစ်အောင် ကြိုးစားကြရန် ပြောကြားပြီး ကျောင်းသား/သူများအား အသိပညာပေးလက်ကမ်းစာစောင်များ  ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)