ခမောက်ကြီးမြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာ အုပ်စုဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကျင်းပ

ခမောက်ကြီး  ဇန်နဝါရီ  ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ် မြောက်ပြည်​ထောင်စု​နေ့ကိုကြိုဆိုသောအားဖြင့် မြို့အုပ်ချုပ်​ရေးမှူးဖလား ရပ်ကွက်/​ကျေးရွာအုပ်စု​ဘောလုံးအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ နေ့လယ်ပိုင်းက ခ​မောက်ကြီးမြို့ အမှတ်(၁)ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း ​ဘောလုံးကွင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထိန်လင်းနှင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ သူများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါဖွင့်ပွဲတွင် နေ့လယ် (၂)နာရီ ၃၀ အချိန်၌ ဘောလုံးအသင်းများကွင်းအတွင်း နေရာယူပြီး ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဘောလုံးအသင်းများနှင့် ပရိသတ်များအားလုံး နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းအားသံပြိုင်သီဆိုခဲ့ကြသည်။ ယင်းနောက်  မြို့အုပ်ချုပ်ရေးမှူး ဦးထိန်လင်းက (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဘောလုံး အားကစားပြိုင်ပွဲဖွင့်ပွဲအမှာစကားပြောကြားခဲ့ပြီး ဘောလုံးအသင်းများ ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာ၍ အထကခမောက်ကြီးကျောင်းမှ ကျောင်းသူလေးများကပန်းပွားအကဖြင့် ကပြဖျော်ဖြေ၍ အားကစားပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

 

ယင်းနောက် ဆိပ်ဖူး(FC)အသင်းနှင့်မလိဝမ်း(၁)FCအသင်းတို့ပထမပွဲစဥ်အဖြစ်လည်း​ကောင်း၊  ခ​မောက်ကြီး(၃)All Star(FC)နှင့်​ရွှေပြည်သာ(FC.)အသင်းတို့က ဒုတိယပွဲစဉ်အဖြစ်ကွင်းဖွင့်ပွဲ ပထမနေ့၌ ယှဥ်ပြိုင်ကစားခဲ့ကြကြောင်းနှင့် ဘောလုံးအားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ (၁၂)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်​ကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)