ဟုမ္မလင်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး၍ယိုမျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပ

ဟုမ္မလင်း ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူး၍ ယိုမျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်ကို ဇန်နဝါရီ (၂၅) ရက်နေ့၊ နေ့လည်(၁၂)နာရီအချိန်က ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားဝင်းရှိ ဓမ္မဝိစယဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒုံစေ့က အဖွင့်အမှာစကား ပြော​ကြားရာတွင် အမျိုးသမီးများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးမှ စီးပွားဖြစ် လုပ်ကိုင်လာနိုင်စေရေး၊ နေ့စဉ်ဝင်ငွေများ တိုးတက်မြင့်မားလာစေရေးအတွက်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်ကိုပို့ချခဲ့ရာတွင် သင်တန်းဆရာမ ဒေါ်ခင်ဌေးမြင့်နှင့် တာဝန်ရှိသူများက ခရမ်းချဥ်သီးအလုံးလိုက်ယို၊ ခရမ်းချဥ်သီးအနှစ်ယို၊ ခရမ်းချဥ်သီးဆော့စ်၊ သင်္ဘောသီးချိုချဥ်စပ်ယို၊ မြေပဲယို ​ပြုလုပ်နည်းများကို လက်တွေ့ပြသသင်ကြားပေးခဲ့ကြောင်း၊ အဆိုပါသင်တန်းသို့ ဟုမ္မလင်းမြို့နယ်ရှိ ရွှေပြည်အေးမြို့၊ လောင်းမင်းကျေးရွာ၊ ဇီးပင်သာကျေးရွာနှင့် နောင်ဆန်းကျင်ကျေးရွာများမှ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ထွက်ပြေးတိမ်ရှောင်နေရသော ယာယီနေရပ်စွန့်ခွာ ကျေးရွာများမှ သင်တန်းသူစုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာမှာတစ်ရက်ဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)