ခန္တီးမြို့နယ်၌ မီးချတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ လိုက်လံစစ်ဆေး

ခန္တီး ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် နွေရာသီရောက်ရှိလာတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် (၇) နာရီ အချိန်က မြို့မရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မီးသတ်တပ်ဖွဲ့ကဉီးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့ကပူးပေါင်းကာ ပြည်သူများအနေဖြင့် မီးလောင်မှု၊ မီးလန့်မှုနှင့် မီးလောင်ဆုံးရှုံးမှုများမဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းများဖြစ်သည့် မီးချတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ အသင့်ထားရှိအသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြပြီး ဆောင်ရွက်ထားခြင်းမရှိသည့်အိမ်များကို ဆောင်ရွက်ထားရှိကြရန်နှင့် အမှိုက်များကိုမီးရှို့ပါက မီးသတ်ဌာနသို့ သတင်းပို့ပြီးမှသာ စနစ်တကျမီးရှို့ကြရန် နှိုးဆော်သတိပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)