ရွှေတောင် ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၀၈) ရွာဟောင်းကွင်းရှိ တောင်သူ ဦးကျော်ဌေး၏ လယ်မြေတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် နွေစပါး YAR-14 ပျိုးဗန်းဖြင့် ပျိုးထောင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က နွားမယံကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးရာတွင် ပျိးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ Drum Seeder လက်ဆွဲကောက်စိုက်ကိရိယာတို့ဖြင့်သာ စိုက်ပျိုးရန်နှင့် ကြဲခင်းစိုက်ပျိုးခြင်းများ လုံးဝ (လုံးဝ) စိုက်ပျိုးခြင်းမပြုလုပ်ရန် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ နွေစပါး YAR-14 ပျိုးဗန်းဖြင့် ပျိုးထောင်သည့်နေရာသို့ ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာများ၊ နွားမယံကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် နွေစပါးစိုက်တောင်သူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးအာင်နှင့်ဝန်ထမ်းများ စုစုပေါင်းအင်အား (၄၀)ဦးခန့် တက်ရောက်ခဲ့ပြီး နွေစပါး(၅.၀၀) ဧကတွင် ပျိုးဗန်းဖြင့် ပျိုးထောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)