အမာ ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
လူငယ်စကားဝိုင်းပြုလုပ်ရာတွင် ရှေးဦးစွာကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီဝင်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမာမြို့ရုံးမှ ဒုတိယဦးစီးမှူး နော်လေးလီယန်က လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များဖြစ်သည့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်များအား အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန် ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ မောင်ဝေယံပိုင်(grade-8)၊ မောင်သော်ဇင်လမင်း(grade-8)၊ မောင်နိုင်ထက်လှိုင်(grade-9)တို့မှ လူငယ်နှင့်စည်းကမ်းအကြောင်း၊ မောင်ရဲရင့်နောင်(grade-9)၊ မဝင်းပပအောင်(grade-10)တို့မှ လူငယ်နှင့်ပညာရေးအကြောင်း၊ မောင်ဟန်ဇာကျော်(grade-10)၊ မဖြူဖြူသင်း(grade-11)၊ မခင်ကြွယ်ဌေး(grade-11)တို့မှ လူငယ်နှင့်ယဉ်ကျေးမှုအကြောင်းတို့ကို အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့် ကျောင်းအုပ်ဆရာမကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူလေးများက အတန်းလိုက် အလှည့်ကျကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အမာ(ပြန်/ဆက်)