ကြံခင်း ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အခြေခံပညာအလယ်တန်း (စပါးအိုး)ကျောင်းတွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအလယ်တန်း (စပါးအိုး)ကျောင်းအုပ် ဆရာမကြီးဒေါ်သီတာမြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးက သက်ငယ်မုဒိမ်းမှု လျှော့နည်းကျဆင်းရေးဆိုင်ရာအချက်များ၊ လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍အကျယ်တဝင့်ရှင်းလင်းဟောပြောပါသည်။
ထို့နောက်ကျောင်းသား/သူများအား သက်ငယ်မုဒိမ်းဖြစ်ပွားမှု၏ ဆိုးကျိုးများ၊ ရှောင်ရှားရမည့်အချက်များနှင့်လူကုန်ကူးခြင်းနှင့်ပတ်သက်ပြီး ကာကွယ်ရမည့်အချက်များအား အပြန်အလှန် မေးမြန်းကာ အသိပညာပေးရှင်းလင်းဟောပြောကြသည်။
ဟောပြောပွဲသို့ အခြေခံပညာအလယ်တန်း (စပါးအိုး)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမြင့်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)