မံစီ ဇန်နဝါရီ ၂၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ပညာရေးစုံ ညီပွဲတော်နှင့် မူကြိုကျောင်းဆင်းပွဲကို ဇန်နဝါရီ ၂၃ ရက် နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်း ကျောင်း(မံစီ) ဖုန်ကန်ဒူဝါခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ပြည့်စုံက အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာ အထက်တန်းကျောင်း Grade-9 ကျောင်းသူ/ သားများက “စုံညီပွဲတော်’’ အဖွင့်တေးသီချင်းဖြင့် အခမ်းအနားကို သီဆိုဂုဏ်ပြုခဲ့ကြသည်။
ဆက်လက်၍ (မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့်) စာပေထူးချွန်ဆုများ၊ အားကစားထူးချွန်ဆု ရရှိခဲ့ကြသောကျောင်းသူ/သားများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မံစီမြို့နယ်ကျောင်းအကျိုး တော်ဆောင် ဉက္ကဋ္ဌ ဦးမိုးဟိန်းတို့က ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး အခြေခံပညာအထက်တန်း ကျောင်း(မံစီ)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်နှင်းဝေမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မူကြိုကျောင်းဆင်း ကျောင်းသူ/သား ၆ ဦးအား ကျောင်းအုပ် ဆရာမကြီးက မူကြိုကျောင်းဆင်း လက်မှတ်များချီးမြှင့်ခဲ့ပြီး ကျောင်းသူ/သားများက အကပဒေသာဖြင့် ဆက်လက် ဖျော်ဖြေခဲ့ကြကြောင်းသိရသည်။
မြို့နယ်/ပြန်ဆက်