ပန်းတနော် ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့ မြတောင်စာသင်တိုက် နှစ်ငါးဆယ်ပြည့် ရွှေရတု ပွဲတော် သမိုင်းမော်ကွန်းကျောက်စာဖွင့်ပွဲ အခမ်းအနားကို ၁၃၈၅ ခုနှစ်၊ ပြာသိုလဆန်း (၁၄)ရက်၊ ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြတောင်ဆရာတော်ကြီး ဘဒ္ဒန္တဝိမလဉာဏ၊ မြတောင်ဒုတိယနာယက အရှင်ကုမာရနှင့် သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းတို့မှ မြတောင်သမိုင်းမော်ကွန်းကျောက်စာအား ဖွင့်လှစ်ပေးခဲ့ပြီး မြတောင်နွယ်ဖွား တပည့်သံဃာတော် များနှင့် မြတောင်ဒကာ/ ဒကာမများက မြတောင်ဆရာတော်ကြီး ဘဒ္ဒန္တ ဝိမလဉာဏ၏ သက်တော် (၈၀)ပြည့်မွေးနေ့နှင့် မြတောင်ဒုတိယနာယက အရှင်ကုမာရ၏ (၇၅)နှစ်ပြည့် စိန်တရတုမွေးနေ့ အထိမ်းအမှတ် ကုသိုလ်တော်အဖြစ်လှူဒါန်း ပူဇော်ကတော့ ကြမည်ဖြစ်ကာ ပြာသိုလပြည့်နေ့၌ စာသင်တိုက်တည်ထောင်ခြင်း နှစ်ငါးဆယ်ပြည့် အခမ်းအနားကြီးတွင် အထူးပင့်သံဃာတော် ဆရာတော်ကြီး အပါး (၅၀)တို့အား ပူဇော်သွား မည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)