ကျောင်းကုန်းမြို့ ကံ့ကော်မြိုင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ပညာရေး စုံညီပွဲတော် ကျင်းပ

ကျောင်းကုန်း ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကံ့ကော် မြိုင်ကိုယ်ပိုင် အထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီ ၃၀  နာရီအချိန်ခန့် အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို Grade 6,8,9 ကျောင်းသူများက "ဘက်စုံပညာကိုရည် တို့လှမ်းချီ"သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး၊ Grade 7,8,9 ကျောင်းသားများက "ကံ့ကော်မြိုင်သို့ ဖိတ်ခေါ်ချင်" သီချင်းဖြင့် သီဆိုခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးတင်မောင် က ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူးရုံး ဒုတိယဦး စီးမှူး(ကာယ) ဒေါ် ခင်သူဇာစု က ထပ်ဆင့်အ မှာစကားပြောကြားခဲ့သည်။

ကံ့ကော်မြိုင်ကိုယ်ပိုင်အထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးကံညွန့် က ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံထူးချွန်သူများကို ဆုချီးမြှင့် တာဖြစ်ကြောင်း၊ ကျောင်းစာသာမက အားကစား၊ပန်းချီ ထူးချွန်၍ "ကျောင်း နေပျော်၍ စာတော်ရမည်"ဟူသည့်ဆောင်ပုဒ်အတိုင်း ဆောင်ရွက်ပေးနေ ကြောင်း ပြောကြားခဲ့သည်။ထို့နောက် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ် ရေး၊ အင်္ဂလိပ်စာထူးချွန်နှင့် သင်္ချာထူးချွန်ဆု ရရှိကြသူများကိုလည်းကောင်း၊ အားကစားပြိုင်ပွဲ၊ ဉာဏပြိုင်ပွဲများ၌ ဆုရရှိကြများကိုလည်းကောင်း တာဝန် ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။ ဆုပေးပွဲအပြီး ကံ့ကော် မြိုင်ကိုယ်ပိုင်အထက်တန်းကျောင်း၏ ကျောင်းသားကျောင်းသူလေးများက ဖျော်ဖြေရေးအဖွဲ့(၃၀)ကျော် ကပြသီဆို ဖျော်ဖြေခဲ့ကြ ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)