အောင်လံ ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းသို့ ကျောင်းသား/ ကျောင်းသူများ တက်ရောက်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က (၁) ရွှေရတုခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးချစ်လွင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်စက်မှုအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမင်းဇော်ဦးက စက်မှုသင်တန်း ကျောင်းတက်ရောက်ရခြင်း၏ အခွင့်လမ်းများကို ရှင်းလင်းဟောပြောခြင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးထွန်းလှအောင်က စိုက်ပျိုးရေးသင်တန်းကျောင်း တက်ရောက်ရခြင်း၏ အခွင့်အလမ်းများကို ဟောပြောခြင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာအိသန္တာက မွေးမြူရေးသင်တန်းကျောင်းတက်ရောက်ခြင်းအတွက် ရရှိမည့်အခွင့်အလမ်းများကို ဟောပြောခဲ့ကြပြီး အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာ/ဆရာမများ၊ Grade-9 ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)