ဟင်္သာတ ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ရွှေစေတီလမ်းရှိ ဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေး ဆောင်ရွက်ပေးမှုနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချပေး ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါနေရာတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ကျန်းမာရေး စောင့်ရှောက်မှုပေးရာသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စားသုံးသူရေးရာဌာန တာဝန်ရှိသူများ နှင့် ဆန်ကုန်သည်နှင့်ဆန်စက် လုပ်ငန်းရှင် အဖွဲ့ဝင်များ၊မြန်မာနိုင်ငံဆီလုပ်ငန်းရှင်အသင်းဝင်များမှ လာရောက်ကြည့်ရှု့အားပေးခဲ့ကြသည်။
အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား မှတ်တမ်းစာရင်းရေးသွင်း၍ သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါလူနာများအား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၎င်းနောက် ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူေရးရာအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက အာဟာရဒါနအဖြစ် ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသောပင်စင်စားများအား ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၆ နာရီမှစတင်ကာ နေ့စဥ် အဟာရဒါန ဆန်ပြုတ်တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဟင်္သာတခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြို့နယ်စားသုံးသူရေးရာ၊ မြို့နယ်တိမွေးကုဦးစီးဌာန၊ မွေးမြူရေးလုပ်ငန်းရှင်များအသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ ပင်စင်စားများအား ဆီတစ်ပိဿာလျှင် (၅,၆၀၀) ကျပ်နှုန်းဖြင့် ဆီ(၁၃၂၀)ပိဿာအားလည်းကောင်း၊ ဆင်းသုခ ဆန် (၁) ပြည်လျင် (၃,၀၀၀) ကျပ်နှုန်းဖြင့် ဆန်(၂၄)ပြည်ဝင် အိတ် (၅၀) အားလည်းကောင်း၊ ကြက်ဥ(၁)လုံးလျှင် (၂၀၀)ကျပ်နှုန်းဖြင့် အလုံးရေ (၁၃၀၀၀) အားလည်းကောင်း အသီးသီး ရောင်းချ ပေးခဲ့ကြကြောင်း သိရှိရပါသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)