မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာန အဓိကသီးနှံ (၁ဝ) မျိုး၏ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာ၊ သဘာဝပိုးပြေးဆေးများပြုလုပ်သုံးစွဲခြင်း (TOT)သင်တန်း ဖွင့်လှစ်

မုံရွာ၊ ဇန်နဝါရီ ၂၄

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးနှင့် ဆက်နွယ်နေသော ဌာနများမှ ဝန်ထမ်းများအား စိုက်ပျိုးရေးအခြေခံအသိပညာများ တိုးပွားစေရန်ရည်ရွယ်၍ မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာနအဓိကသီးနှံ (၁ဝ) မျိုး၏ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာ၊ သဘာဝပိုးပြေးဆေးများပြုလုပ်သုံးစွဲခြင်း (TOT) သင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး အောင်သလ္လာသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မုံရွာခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချူပ်ရေးမှူး ဦးဇော်တင်မိုး က " ၂၀၂၃-၂၀၂၄ခုနှစ် မုံရွာခရိုင်၏ အဓိကပန်းတိုင်သီးနှံ(၁၀)မျိုးလျာထားချက်မှာ (၆၁၈၁၃၉)ဧက ဖြစ်ပြီး (၆၀၀၁၈၃) ဧက စိုက်ပျိုးနိုင်ခဲ့သည့်ကိုတွေ့ရပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန်သီးနှံများတိုးတက်ထုတ်လုပ်နိုင်ရေး၊ တောင်သူများ ဝင်ငွေတိုးတက်စေရေး၊ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ယှဉ်ပြိုင်နိုင်ရေး၊ ပြည်တွင်းစက်ရုံများနှင့် ပြည့်ပပို့ကုန်များအတွက် အရည်အသွေးပြည့်ဝသော စက်မှုကုန်ကြမ်းသီးနှံ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် မျှော်မှန်းဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏အဓိကသီးနှံ (၁၀) မျိုးအား ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက် လျှက်ရှိပါကြောင်း၊ပန်းတိုင်သီးနှံ (၁၀) မျိုးအတွက် လိုအပ်သောမျိုးကောင်းမျိုးသန့်မျိုးစေ့၊ အထွက်ကောင်းမျိုးစေ့များရရှိရေး ဆောင်ရွက်ပေးလျှက်ရှိပါသည်။ မျိုးစေ့ထုတ်လုပ်ငန်းများ၊ မျိုးစေ့အရည်အသွေး စစ်ဆေးခြင်း၊ ထိန်းသိမ်းပေးခြင်းနှင့်မျိုးစေ့နည်းပညာလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည့်အပြင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေနမူနာယူခြင်းများ၊ မြေဆီလွှာ၊ ရေအရည်အသွေးနှင့် ဓာတ်မြေဩဇာများ ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်ပေးခြင်း၊ သစ်စိမ်းမြေဩဇာ ထည့်သွင်းသုံးစွဲခြင်းများ၊ မြေဆွေးပုံနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်းများ၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာစနစ်တကျ ရောစပ်အသုံးပြုခြင်းများအား တောင်သူများသိရှိ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် လက်တွေ့ပြုလုပ်ပြသခြင်း၊ နည်းပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်လျှက်ရှိပါကြောင်း၊
စိုက်ပျိုးသီးနှံများ ပိုးမွှားကျရောက်မှုမှ ကာကွယ်ရန်အတွက်လည်း ပိုးမွှားကင်းထောက် မှတ်တမ်းယူခြင်း၊ ပိုးမွှားကျရောက်မှုအန္တရာယ် ကြိုတင်သတိပေးချက်များထုတ်ပြန်ခြင်း၊ သီးနှံဖျက်ပိုးများအကြောင်း သိရှိအောင် ပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုစတာများ ချိတ်ဆွဲခြင်းနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းနည်းများ ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် ပိုးမွှားရောဂါများကို ဓာတ်ခွဲခန်းတွင် ခွဲခြားစစ်ဆေးပေးခြင်းများကိုလည်း ဆောင်ရွက်လျှက်ရှိ‌ကြောင်းနှင့် သင်တန်းသား /သူများ အနေဖြင့် စိုက်ပျိုးရေးနှင့်ဆက်နွယ်နေသော ဌာနများမှဝန်ထမ်းများအား စိုက်ပျိုးရေးအခြေခံအသိ ပညာများတိုးပွားစေရန် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းနှင့်
တစ်ရက်တာသင်တန်း အချိန်တိုလေးအတွင်းမှာစာတွေ့၊ လက်တွေ့သင်ကြားမှုများသေချာလေ့လာမှတ်သားကြပါလို့ တိုက်တွန်းပြောကြားခဲ့ပြီးနောက်မုံရွာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းမြင့်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများသည် သင်တန်းသားသင်တန်းသူများနှင့်အတူ EM စူပါဘိုကာရှီ စပါးခွံသဘာဝမြေဆွေး ပြုလုပ်ပြသခြင်း၊ ဓာတုပိုးသတ်ဆေး အသုံးပြုခြင်းအား လျှော့ချရန်အတွက် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်း စနစ်တစ်ခုဖြစ်သော အဝါရောင်ကော်စေးထောင်ချောက် (Yellow sticker) နှင့် အပြာရောင်ကော်စေး ထောင်ချောက် (Blue sticker) များ အသုံးပြု၍ စိုက်ခင်းအတွင်း ပိုးမွှားကာကွယ်ခြင်းအားပြသခြင်း၊ Home Garden စိုက်ခင်းနှင့်ငွေနှင်းမှိုရုံတို့အား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး သင်တန်းပို့ချပေးလျက်ရှိရာ သင်တန်းသား/သူများအတွက် စိုက်ပျိုးရေးနည်းပညာအသိပေးမှုများနှင့် စပ်လျဥ်းပြီး တိုင်းသီးနှံကာကွယ်ရေးဌာနခွဲ၊ တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်လွင်မက ဘက်စုံသီးနှံကာကွယ်ရေးနှင့် သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲနည်းများကိုလည်ကောင်း၊ တိုင်းမြေအသုံးချရေးဌာနခွဲ၊ တိုင်းမြေအသုံးချရေးတာဝန်ခံ၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးဝင်းက ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေဆီလွှာဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာများကိုလည်ကောင်း၊ တိုင်းမျိုးစေ့ဌာနခွဲ၊ တိုင်းမျိုးစေ့တာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းလှကပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးကောင်းမျိုးသန့်ပြောင်းလဲသုံးစွဲခြင်း နည်းပညာများကိုလည်းကောင်း၊ တိုင်းမျိုးစေ့ဌာနခွဲမှ ဦးစီးအရာရှိဒေါ်ယဉ်သူဇာမှ ဆီထွက်သီးနှံပန်းတိုင်အထွက် နှုန်းရရှိရေး နည်းပညာများကို လည်းကောင်း၊ တိုင်းမျိုးစေ့ဌာနခွဲမှ ဒု-ဦးစီးအရာရှိ ဒေါ်စောသန္တာနွယ်က မတ်ပဲသီးနှံ ပန်းတိုင် အထွက်နှုန်းရရှိရေးနည်းပညာများကိုလည်းကောင်း အသီးသီးစာတွေ့လက်တွေ့ ရှင်းလင်းပို့ချပေးခဲ့ပြီးနောက် အထွေထွေပြန်လည်ဆွေးနွေးခြင်းများကိုဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သင်တန်းကိုတစ်ရက်ကြာဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနလက်အောက်ရှိ ခရိုင်နှင့်မြို့နယ်ရုံးများမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ စုစုပေါင်းသင်တန်းသား၊သင်တန်းသူ (၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)