တောင်ငူမြို့၊ တောင်ကွေ့စျေးမူလတန်းလွန်ကျောင်းသို့ ရွေ့လျားစာကြည့်တိုက်ယာဥ်ဖြင့် နယ်လှည့်ကွင်းဆင်းဆောင်ရွက်

တောင်ငူ ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ကွေ့စျေးအခြေခံပညာမူလတန်းလွန်ကျောင်းသို့ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဥ်ဖြင့် ယနေ့နံနက်ပိုင်းက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက တောင်ကွေ့စျေးအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောပြခြင်းနှင့် ရုပ်ပြပုံပြင်စာအုပ်များ ငှားရမ်းပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ထို့နောက် “လူကုန်ကူးသူအမြစ်မကျန် အားလုံးပါဝင်တွန်းလှန်ရန်၊ မူးယစ်အန္တရာယ်တားဆီးကာကွယ်ရန်နှင့် မူးယစ်ဆေးဝါးအမျိုးမျိုး” စသည့် ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇော်ကိုကို