နတ်မောက် ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်၊ စဉ်းစားတွေးခေါ်တတ်သည့် အလေ့အကျင့်နှင့် လူတော်လူကောင်းများ ပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့် သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများရှိ ထက်၊ လယ်၊ မူဆင့် ကျောင်းသား/သူများဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ပြိုင်ပွဲဝင်မည့် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က (အောင်ဆန်း)၊ အ.လ.က(တမာပင်)၊ ကျောင်းများရှိ ဆရာ/မများက ပြိုင်ပွဲများ ကျင်းပမည့်နေ့ရက်၊ ပြိုင်ပွဲဝင် ကျောင်းသား/သူဦးရေ၊ စည်းကမ်းများ၊ အချိန်၊ အမှတ်ပေးဇယားများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
လှဝင်း