သာယာဝတီမြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) လုပ်ငန်းများဆောင်ရွက်

သာယာဝတီ ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ကစားနည်း (၉) မျိုးဖြင့် ပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (သုံးဆယ်) ပီမိုးနင်းခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဆန်ဦးက ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ် တုံ့ပြန်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး၊ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်မီးငြှိမ်းသတ်နည်း၊ စောင်ဖြင့် ထမ်းစင်ပြုလုပ်နည်းနှင့် သယ်ဆောင်နည်း၊ ရေသန့်ဘူးခွံဖြင့် အသက်ကယ်အင်္ကျီ ပြုလုပ်နည်းများ၊ သဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာပါကဆောင်ရွက်ရမည့် နည်းစနစ်များ၊ မီးလောင်မှုကို ဖြစ်ပေါ်စေနိုင်မည့် အကြောင်းအရာများ၊ အရိုးကျိုးလူနာများအား ရှေးဦးပြုနည်းစသည့် Game (၉) မျိုးဖြင့် လေ့ကျင့်သင်ကြားပညာပေး ဆောင်ရွက်ခဲ့ကြသည်။

ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ပြီး ထိခိုက်ဆုံးရှုံးမှု နည်းပါးစေမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

သန့်ဇော်(ပြန်ဆက်)