ကျွန်းလှ ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲတစ်ဧကအထွက်နှုန်း ခန့်မှန်းသိရှိစေရန်အတွက် ယနေ့နံနက် ၉ နာရီက မကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၃)၊ တောင်သူဦးတင်ဌေးဝင်း၏ မကွေး -၁၆ ဆောင်းမြေပဲ (၅) ဧက၌ ကျင်းပကြောင်း သိရသည်။
ထိုသို့ စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး ၃ ပေပတ်လည် စံကွက်ရိတ်သိမ်းရာ တစ်ဧက (၁၁၀) တင်း (အစို) ထွက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်းမြေပဲ စံကွက်ရိတ်သိမ်းပွဲသို့ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းရာသီအတွင်း ဆီထွက်သီးနှံစိုက်ပျိုးမှုအနေဖြင့် မြေပဲ ၁၄၂၃၆ ဧက၊ နှမ်း ၁၄၀၃၅ ဧက၊ နေကြာ ၁၂၂၇ ဧက၊ ပန်းနှမ်း ၅၃၁၅ ဧက၊ မုံညှင်းစေ့ ၄၃၅ ဧက၊ စုစုပေါင်း ၃၄၀၅၈ ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ