သရက် ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူသုံးကုန်ပစ္စည်း နည်းပညာသင်တန်း ၅/၂၀၂၄ ဖွင့်ပွဲ ကျင်းပခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ရေဖြူကျေးရွာအုပ်စု မုဆိုးရင်ကျေးရွာတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ပေးသည့် အိမ်သုံးကုန်ပစ္စည်းများဖြစ်သည့် ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်ပြုလုပ်နည်းများကို စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းသားနည်းပြများက သင်တန်းသား/သင်တန်းသူ(၂၀)ဦးအား ဇန်နဝါရီလ(၂၃)ရက်နေ့မှ (၂၇)ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)