မင်းဘူး ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မင်းဘူးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသား လူငယ်လေးများ အသိဉာဏ်ပညာနှင့် ဗဟုသုတများ ပြည့်စုံကြွယ်ဝစေရန် ရည်ရွယ်ကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်ပြန်/ဆက်ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က အခြေခံပညာကျောင်းများ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ယနေ့ခေတ် ကျောင်းသားလူငယ်လေးများ သိထားသင့်သည့် “ကလေးအလုပ်သမားဆိုင်ရာ သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရည်မှန်းချက်(၆)ရပ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ် (၁၄)နှစ်ပြည့်ပြီးသူ၊ ကလေးအလုပ်သများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ပြဋ္ဌာန်းထားသည့် ဥပဒေပုဒ်မနှင့် ပြစ်ဒဏ်များ စသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် ကျောင်းသား/ကျောင်းသူလေးများမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)