ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ကော်မတီပါဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ရွှေတောင်မြို့နယ်၊ မီးလောင်​ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၈၈)ဥဒိန်ကွင်းအတွင်းရှိ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ အကောင်ထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် "ခွေးလူးအိုင် ဆည်တမံ" နှင့် ၁၉၆၄ ခုနှစ်တွင် ဆည်မြောင်းဦးစီးဌာနမှ တည်ဆောက်ပေးခဲ့သည့် " သဲဖြူဆည်တမံ" တို့အား မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ ဆည်တမံများမှ မီးလောင်ကျေးရွာအုပ်စုများရှိ လယ်မြေ(၁၂၀၀)ဧကခန့်တို့အား နှစ်စဉ်မိုးစပါးအောင်ရေရရှိနိုင်ရေး ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် "သဲဖြူဆည်တမံ"၏ ရေဝင်၊ ရေထွက်မြောင်းလက်တံများတိမ်ကောမှုများနှင့် ဆည်တမံအစိတ်အပိုင်းအချို့တို့ ပျက်စီးနေမှုများအပေါ် ပြန်လည်ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး တင်ပြခဲ့သဖြင့် မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးရမည့်အစိတ်အပိုင်းများကို တွက်ချက်ပေးရန်နှင့် အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများမှလည်း မျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ သွင်းအားစုနှင့်စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး မီးလောင်ကျေးရွာအုပ်စု တောင်သူဦးရဲအောင်၏ ပြောင်း(စူပါ-၇၀၂)(၂)ဧက၊ နေကြာ(၀.၂၅)ဧကနှင့် မေမြို့ပန်း(၁.၅၀)ဧက စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)