လဟယ် ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ယနေ့ (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီ၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်း ရေးမှူးဦးလင်းကိုကိုက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ဖြည့်စွက်ရှင်းလင်းကာနာဂဒေသအဆင့်ဌာနဆိုင်ရာများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို အသီးသီးရှင်းလင်းပြောကြားပါသည်။
အဆိုပါ ဒေသအဆင့်လုပ်ငန်းညှိနိုင်း အစည်းအဝေးသို့ နာဂဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြောင်းသိရပါသည်။
လဟယ် (ပြန်/ဆက်)