ကန်ကြီးထောင့် ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်ပေး ခြင်းများနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ဇန်နဝါရီလ (၂၂)ရက်နေ့မှ စတင်ဆောင်ရွက် ပေးခဲ့ရာ ထို့သို့ ဆောင်ရွက်ပေးနေမှုအား ယနေ့ နံနက်(၉)နာရီအချိန်က ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့လာရောက်ကြည့်ရှုရာတွင် ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်နှင့် အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းပင်စင်စား များအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်ပေးခြင်း များနှင့် အခြေခံစားသောက်ကုန်များဖြစ်ကြသည့် ဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် ဆန် (၁၃)အိတ်၊ စားသုံးဆီ တစ်ပိဿာလျှင် (၅၅၀၀)ကျပ်နှုန်းဖြင့် (၃၀၀)ပိဿာနှင့် ကြက်ဥတစ်လုံးလျှင် (၂၀၀)နှုန်းဖြင့် ကြက်ဥအလုံး (၁၅၀၀) တို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုတို့ကို ကြည့်ရှု အားပေးခဲ့ကြပြီး တကုန်းကြီးကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း (၉၀၀)အနက်မှ ကျပ်သိန်း(၁၈၀)ဖြင့် ဆောင်ရွက်သည့် တကုန်းကြီး-ကျုံပဒုတ်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်း နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် နိုင်ငံ စီးပွား ၈ဘီလီယံချေးငွေဖြင့် ဆောင်ရွက်သည့် တကုန်ကြီးကျေးရွာရှိ ဒေါ်ထားထားနွယ်၏နို့စားနွား မွေးမြူ ရေးခြံသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက လိုက်လံရှင်းလင်းပြသခဲ့ကြပြီး ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)