သရက်မြို့၌ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ရွေးချယ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး

သရက် ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမြို့နယ် အုတ်သျှစ်ကုန်းကျေးရွာ မူလတန်းကျောင်း၊ အထက(ခွဲ) ခြောက်ပင်ကျေးရွာများသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်မိုး ဦးဆောင်သည့်အဖွဲ့သည် ယနေ့ နံနက်(၁၀:၃၀)နာရီက တိုင်းအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုရွေးချယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။  

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းမှု ရှိ၊မရှိ စိမ်းလန်းစိုပြည်စေရေးအတွက် စားပင်၊ သီးပင်များ စိုက်ပျိုးထားခြင်း ရှိ၊မရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား၍ စနစ်တကျ စွန့်ပြစ်ခြင်း ရှိ၊မရှိ ရေကို ချွေတာခြင်း ရှိ၊မရှိ စီမံချက်များ စနစ်တကျ ရေးဆွဲထားရှိခြင်း ရှိ၊မရှိ မှတ်တမ်းများ စနစ်တကျ ထားရှိခြင်း ရှိ၊မရှိ တို့ကို စစ်ဆေးခဲ့ကြသည်။ 

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်မိုးက ကျောင်းအုပ်ကြီးများကို ဆုရွေးချယ်မှုနှင့် ပတ်သက်၍  လိုအပ်သည်များ စနစ်တကျ ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)