ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် က-ပ-စ (၈) တွင် အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လုပ်ငန်းအရည်အသွေးပြည့်မီမှု ရှိ/မရှိ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် က.ပ.စ (၈) တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်၁၇၅.၇၈၃သန်းဖြင့် ငြိမ်းဇံဝေကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သော စာသင်ကျောင်း အလျားပေ ၁၂၀၊ အနံပေ ၃၀ရှိ တစ်ထပ်စာသင်ကျောင်းဆောင်သစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများအားတွေ့ဆုံ၍ ကျောင်းဆောင်အသစ်အား ရေရှည်တည်တံ့ကောင်းမွန်အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)