ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းကျေးရွာအုပ်စုတွင် စိုက်ပျိုးထားသော ဆီထွက်သီးနှံနေကြာ ဖြစ်ထွန်းနေမှု အခြေအနေများအား မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယနေ့ နံနက် (၉)နာရီအချိန်တွင် သွားရောက် ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကညင်ချောင်း ကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာ တောင်သူ ဒေါ်ငွေကြည်၊ ကွင်းအမှတ် (၁၈၆၈/က) ဦးပိုင်အမှတ် (၈၅/၁) ဧရိယာ (၁.၅) ဧကပေါ်တွင် စိုက်ပျိုးထားသော ဆီထွက်သီးနှံနေကြာ စိုက်ပျိုး ဖြစ်ထွန်းနေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုပြီး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)