ကရသူရိမြို့၌ ကျောင်းသား/သူများအား သတင်းတု သတင်းမှား ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကရသူရိ ဇန်နဝါရီ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌  အွန်လိုင်းမီဒီယာများပေါ်၌ သတင်းတု သတင်းမှားကာကွယ်ရေး ကျောင်းသား/သူများအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောရာတွင် ကရသူရိမြို့ နယ်မြေစခန်းမှူး ဦးစိုးနိုင်က ကျောင်းသား/သူများအနေဖြင့် အွန်လိုင်းမီဒီယာများပေါ်၌ သတင်းတု သတင်းမှားထုတ်ပြန်မှုများရှိသဖြင့် သေချာစိစစ်၍ အမှား အမှန်ခွဲခြားသုံးသပ်ကြရန်လိုအပ်ကြောင်း၊ သတင်းဟုဆိုပြီး မြင်မြင်သမျှ ကြားကြားသမျှသော သတင်းစာသား၊ ဓာတ်ပုံ၊ ရုပ်သံတို့ကို ဟုတ်/မဟုတ် မှန်/မမှန် ဆန်းစစ်ကြရန်လိုအပ်ကြောင်း စသည့်တို့ကို အကျယ်တစ်ဝင့်ပြောကြားသည်။

ထိုသို့ဆောင်ရွက်ခြင်းသည် သတင်းတု  သတင်းမှားကင်းရှင်းရေး  အသိပညာပေးဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါသို့ မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ရပ်မိ/ရပ်ဖများ စုစုပေါင်း(၃၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)