အ.မ.က ရွာသစ်စုကျောင်းတွင် ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် အသိပညာပေး ဟောပြောပွဲကျင်းပ

လေးမျက်နှာ ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝ စေရန် လူငယ်လူရွယ်ကျောင်းသား/သူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.မ.က ရွာသစ်စုကျောင်းတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။ 

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ရွှေက လူငယ်များ အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေမှတစ်ဆင့် ဖတ်ရှုလေ့လာကြရန် လိုအပ်ကြောင်း၊ လူငယ်များသည် နောင်တစ်ချိန်တွင် ခေါင်းဆောင်များဖြစ်သည့်အခါ ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် လိုအပ်ကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိ ပညာပေး ဟောပြောခဲ့သည်၊၊

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လေးမျက်နှာမြို့နယ်ရုံးမှ ပြသထားသော နံရံကပ်စာစောင်ပြပွဲကို ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)