ချောင်းသာမြို့၌ ကျောင်းအခြေပြုမီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ချောင်းသာ ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အခြေခံပညာကျောင်းများတွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းနှင့် အသိပညာပေး ခြင်းကို ယနေ့ နံနက် ၈ နာရီက သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ချောင်းသာနယ်မြေမီးသတ်စခန်းမှ ဦးစီးမှူး ဦးချစ်သဲမောင်၏ ဦးဆောင်မှုဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက (အ.မ.က) ဥတိုကျောင်းတွင် မီးဘေးအန္တရာယ်မဖြစ်ပွား စေရေးနှင့် မီးဘေးကြောင့် ဆုံးရှုံးမှုမဖြစ်စေရေးအတွက် မီးကိုစနစ်တကျအသုံးပြုစေရေး၊ မီးသတ် ဆေးဘူး၊ မီးသတ်ကတ်ပြား၊ မီးသတ်ချိတ်များကို ထင်သာမြင်သာသည့်နေရာများတွင် ထားရှိချိတ်ဆွဲထားရန်၊ ရေစည်၊ ရေပုံး၊ ရေစုကန် များ၌ ရေများဖြည့်တင်းကာထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့သည်။

ချောင်းသာနယ်မြေ မီးသတ်တပ်ဖွဲ့အနေဖြင့် ကျောင်းမီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗိုလ်ဟိန်း(ပြန်/ဆက်)