ပြည်တက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

ပြည် ဇန်နဝါရီ ၂၃

ပြည်တက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ပြည်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပြည်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသက်လွင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက်လာသည့် သစ်လွင်မောင်မယ်များအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာပါမောက္ခများ၊(သင်တန်း၊ စီမံ) ဌာနမှူးများနှင့် မိတ်ဆက်ပေးခြင်းများ ဆောင်ရွက်သည်။

ဆက်လက်၍ ဝိဇ္ဇာဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို ဥပဒေပညာဌာန ပါမောက္ခ(ဌာနမှူး)ဒေါက်တာဝေဝေမြင့်ကလည်းကောင်း၊ သိပ္ပံဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို ရုက္ခဗေဒဌာန ပါမောက္ခ(ဌာနမှူး)ဒေါက်တာလှလှဝင်းကလည်းကောင်း၊ ကျောင်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို သင်တန်းရေးရာဌာန(ဌာနမှူး)ဦးထိန်လင်းကလည်းကောင်း အသီးသီးရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ ပြည်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၅၈၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)